Skip to main content

သားသားဖတ်ဖို့ ( ၁ )

 အဲ့နေ့မတိုင်ခင်က

သားသားက ကိုယ့်အတွက် သာမာန်ကောင်မလေးတစ်ယောက်
သားသားကိုသိပုံက တိုက်တိုက်ဆိုင်ဆိုင်
မျက်နှာဝိုင်းဝိုင်း ဆံပင်တိုတိုနဲ့ကောင်မလေး
ရှက်‌နေတဲ့မျက်နှာလေးနဲ့
လက်ကလေးအုပ်လို့

တစ်နေကုန် သားသားမျက်နှာလေးထိုင်ကြည့်ခဲ့တာ

အဲ့အချိန်ကစပြီး သားသားက ကိုယ့်ရဲ့ နတ်သမီးလေးပေါ့

ရှက်နေတဲ့မျက်နှာလေးက ပန်းရောင်သမ်းလို့

ညနေကြတော့
ရှုံ့မဲ့မဲ့မျက်နှာ‌ပေးလေးနဲ့
ကိုယ်သွားချော့မှ တစ်ရှုံ့ရှုံ့ငိုနေလေရဲ့

နောက်နေ့မနက် စာသင်ခန်းထဲ
ကိုယ်လှေကားကဆင်းလာတော့ စကြည့်မိတာ သားသားမျက်နှာလေး
ကိုယ့်တွေ့တာနဲ့ မယ်မင်းကြီးမလေးက
တစ်ဖက်လှည့်သွားလေရဲ့
မျက်နှာလေးကတော့ ထူးထူးခြားခြားကို ချစ်ဖို့ကောင်းလို့

အဲ့နေ့က အဲ့ပါးလေးကို မွှေးမွှေးပေးဖို့ စတင်ခဲ့တာပေါ့လေ

Comments